ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးရဲ့ပြောကြားချက်အရ
ဝန်ကြီးအပြောင်းအလဲမှာထူးခြားမှူရှိလာတာက ရန်ကုန်၊မန္တလေး၊နေပြည်တော် တို့မှာ
အင်တာနက်အမြန်နူန်းတအားကောင်းလာတယ်ဆိုတာပဲ
သူကတိပေးခဲ့တဲ့အတိုင်းဖြစ်ပါတယ်
ဒါပေမယ့် တစ်ခုပဲ သူလုပ်လိုက်တဲ့လုပ်ရပ်ကြီးက ခုနက၀န်ထမ်းပြောသလို ဇီးဖြူသီး ဇကောထဲထည့်လှိမ့်သလို ဖြစ်နေသလားလို့ပဲ တစ်ဖက်(ရန်ကုန်မန်းလေးနေပြည်တော်)ကကောင်းတာမှအရမ်းပဲ ဒါပေမယ့်ကျတော့်တို့ညောင်ဦးမြို့လို့
မြို့ငယ်နယ်မြို့လေးတွေမှာကြတော့ လိုင်းတွေအရမ်းပိုးစိုးပက်စက် နှေးသွားတယ်
အဲဒါက သူစွမ်းဆောင်တာမဟုတ်သေးဘူးဆိုတာ ထောက်ပြတာပဲ
တရားနည်းမကျဘူးလို့ပြောတာဗျာ
ဥပမာ ကလေးနှစ်ယောက် ရှိတယ် တစ်ယောက်ကမြို့က ကလေး တစ်ယောက်က တောက ကလေး
သူတို့နှစ်ယောက်ကို မုန့်ဖိုးပေးမယ် လူကြီးအိတ်ထဲမှာကလဲ 100ပဲကျန်တော့မယ်ဆိုပါတော့
အဲဒီကျန်တဲ့တစ်ရာကို 50 စီပေးရမယ့် ဟာကို မပေးပဲ ကဲမင်းက မြို့မှာနေတော့ပိုက်ဆံအသုံးလိုတယ်
မင်းပဲတစ်ရာလုံးယူသွားတော့ ကဲမင်းကတော့တောမှာနေတာဆိုတော့ပိုက်ဆံမလိုပါဘူးကွာ
ဆိုပြီးထားလိုက်မယ်ဆိုရင် ညီမျှ မလား?
အခု ၀န်ကြီးအသစ်(ဆက်သွယ်ရေးဝန်ကြီး)လုပ်ရပ် ကမှန်လား မှားလားဆိုတာ
သူကိုယ်တိုင် နယ်မြို့(ညောင်ဦးသို့မဟုတ်မြင်းခြံ) ကိုလာပြီး တိတ်တိတ်လေးလာပြီးအင်တာနက်သုံးကြည့်
တစ်ခါထဲသေချင်စော်တောင်နံသွားနိုင်ပါတယ်
ကျတော်ပြောချင်တာက ကျတော်တို့လဲ နည်းပညာကို တတ်သိသင့်သလောက် တတ်သိပါတယ်
နားလည်ပါတယ် အသုံးပြုအားထားကြရပါတယ်။ ဒါပေမယ့် အခုလိုနယ်မြို့တွေမှာအင်တာနက် လိုင်းတွေ
တအားနှေးကုန်တော့ ကျေးလက်ပညာရေး ကျေးလက်နည်းပညာအချက်အလက်တွေပါနှေးကုန်တာပေါ့
တကယ်ဆိုရင် ကျတော်တို့ ပုဂံညောင်ဦး ဟာ အစိုးရကို ဒေါ်လာရှာပေးနေတဲ့မြို့တစ်မြို့ပါ
နိုင်ငံခြားခရီးသွားဧည့်သည်တွေ ထဲမှာ အင်တာနက် အသုံးပြုသူတွေပါတယ်
သူတို့ ထဲမှာသတင်းထောက်ပါတယ် ကိုယ်ပိုင်သတင်းဆိုက်ဒ်ထောင်ပြီးTRAVEL INFOတင်တဲ့လူပါတယ်
အဲလို လူတွေအတွက်ကြတော့ ယခုကျတော်တို့အသုံးပြုနေရတဲ့ကော်နက်ရှင်တွေက
သုံးစားလို့ကို မရတော့တာ သူတို့သုံးတဲ့ဆိုက်ဒ်တွေဆိုရင် JAVA SCRIP တွေအများကြီးပါတော့
ဆိုက်ဒ်စာမျက်နှာကိုတော်တော်နဲ့မတတ်တော့ဘူး
ကျတော့်ကို ပြင်သစ်နိုင်ငံသားတစ်ယောက်က အင်တာနက်ဆိုင်မှာတွေ့လို့ပြောဖူးတယ်
ငါဒီစာကို ပို့နေတာ 5နာရီကြာပြီတဲ့ အခုထိဟိုကိုမရောက်သေးဘူးဆိုပြီး
ပျက်လုံးလေးတောင်ပြောလိုက်သေးတယ်
ငါကိုယ်တိုင်လမ်းလျှောက်သွားပို့လိုက်ရင်တောင် ဒီထက်စောရောက်နိုင်တယ်တဲ့
ဟုတ်ပါတယ် ဒါတကယ်ပါပဲ အင်းအဲဒီတုန်းက ဒီအချိန်ယခု ဒီပိုစ့်ကိုတင်နေတဲ့အချိန်လောက်တောင်
မလေးသေးဘူးနော် ဒီချိန် မှာသာ ပြစ်သစ်နိုင်ငံသား ပြန်ရောက်လာလိုက်လို့ကတော့
ချက်ချင်းကျင်းတုးပြီး သေချင်စိတ်ပေါက်သွားနိုင်ပါတယ်
ကျတော်အဓိက ပြောချင်တာကတော့ တရားမျှတအောင်လုပ်ပါ တစ်ဖက်စောင်းနင်းမနိုင်ပါနဲ့
ဒါ ဒီမိုကရေစီ နိုင်ငံတော်ပါ အားလုံးမှာတစ်ပြေးညီ တစ်ညီတည်း ခံစားပိုင်ခွင့် ရှိတယ်ဆိုတာမမေ့ပါနဲ့
ဆက်သွယ်ရေးဝန်ကြီးအားလေးစားစွာဖြင့်
ပုဂံအိတ်ရှ်အမ်
No comments:
Post a Comment