အွန်လိုင်းသုံးရင်း Adflyနဲ့ငွေရှာကြရအောင်

Friday, October 12, 2012

Apple ၏ မြေပုံ Software က စစ်ဘက်ဆိုင်ရာ ပေါက်ကြားမှု ဖြစ်စေဟုဆို(Apple new map is not Good for war)(Copyright by Yatanarpon Webportal, Planet Myanmar


ဆင်ချူ ရေဒါစခန်းသည် ရှည်လျားဝေးလံသော အကွာအဝေးထိ ထောက်လှမ်းနိုင်သည့် မဟာဗျူဟာမြောက် စစ်အခြေစိုက် စခန်းတစ်ခုဖြစ်ပြီး (၂၀၀၃) ခုနှစ်က အမေရိကန်က စတင် တည်ဆောက်ပေးခဲ့သည်။ လက်ရှိတွင် ရေဒါစခန်းကို အပြီးသတ် တည်ဆောက်နေဆဲဖြစ်ပြီး ယခုနှစ်ကုန်တွင် အပြီးသတ်မည် ဖြစ်သည်။ အဆိုပါ စစ်စခန်းအတွက် ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၂၃) ဘီလျံမျှ ရှိနေပြီး တရုတ်နိုင်ငံက ထိုင်ဝမ်အား ဒုံးကျည်နှင့် တိုက်ခိုက်လာနိုင်သည့် အခြေအနေကို စက္ကန့်မလပ် ထောက်လှမ်းပေးနိုင်မည်ဟု သိရှိရသည်။



Apple ကုမ္ပဏီက အသစ် ထုတ်လုပ်လိုက်သည့် iOS 6 တွင်ပါဝင်သည့် Map Software သည် စစ်ဘက်ဆိုင်ရာ အချက်အလက်များကို ပေါက်ကြားစေကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားလိုက်သည်။ Apple က iPhone 5 နှင့်အတူ မိတ်ဆက် ပြသလိုက်သော မြေပုံစနစ်အရ စစ်စခန်းများ၏ တည်နေပုံကို အလွန်ကြည်လင် ပြတ်သားသော Resolution မျိုးနှင့် တွေ့မြင်နေရကြောင်း ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများက ဆိုသည်။ Google သည်လည်း မြေပုံစနစ် Software ကို ထုတ်ဝေခဲ့သည့်တိုင် စစ်အခြေစိုက် စခန်းများ တည်ရှိသည့် နေရာတွင် မှုန်ဝါးပေးထားသည်။ အစောပိုင်းက Apple ၏ မြေပုံစနစ်သည် ကြည်လင်ပြတ်သားမှု မရှိဆိုသော ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ တမင်ပင် မှုန်ဝါးပေးရန် တောင်းဆိုမှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးသည် အစောပိုင်းက မြေပုံစနစ်တွင် ပုံအရည်အသွေး ညံ့ဖျင်းမှုများအတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ထို့အပြင် လမ်းများ၊ မြို့နယ်များကို အပေါ်စီးမှ ရိုက်ကူးထားရာတွင် တိမ်ထုများကို မဖောက်ထွင်းနိုင် သဖြင့်လည်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ယခုအခါတွင်မူ ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများက နိုင်ငံအတွင်းရှိ စစ်စခန်းများ တည်နေပုံကို iPhone 5 အသုံးပြုသူများက လွတ်လပ်ရှင်းလင်းစွာ မြင်တွေ့နေရခြင်းကြောင့် Apple အား ယင်းအခြေအနေကို ပြင်ဆင်ပေးရန် တောင်းဆိုလာခြင်း ဖြစ်သည်။


ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းရှိ ဆင်ချူဒေသရှိ နေရာများအား Apple မြေပုံစနစ်တွင် မြင်တွေ့ရပုံ
နိုင်ငံမြောက်ပိုင်းရှိ ဆင်ချူ တာဝေးထောက်လှမ်းရေး ရေဒါစခန်းသည် စစ်ဘက်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက် တည်နေရာအဖြစ် သတ်မှတ်ထားသော်လည်း iPhone 5 တွင် ရှင်းလင်းစွာ မြင်နေရသည်။ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ်လိုက “ပုဂ္ဂလိက ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ Apple ကို ဆက်သွယ်ပြီး စစ်စခန်းတွေရဲ့ မြေပုံမှာ Resolution လျှော့ပေးဖို့ပဲ တောင်းဆိုထားရပါတယ်” ဟု ပြောကြားသွားသည်
ဆင်ချူတွင် စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်နေသည့် ထိုင်ဝမ်စစ်တပ်မှ တင့်ကားများ

ဝေဖန်မှုများ ကြုံခဲ့ရသည့် Apple မြေပုံစနစ်နှင့် Google မြေပုံစနစ်ကို နှိုင်းယှဉ်ပြသထားစဉ်

No comments:

Post a Comment