အွန်လိုင်းသုံးရင်း Adflyနဲ့ငွေရှာကြရအောင်

Tuesday, October 16, 2012

လုပ်ချလိုက်ပြန်ပြီကိုယ်တော်ဆေးကျောင်းသားတွေတစ်စုကစာမေးပွဲကျလို့ကျောင်းခေါ်ချိန်မပြည့်လို့ကျောင်းထုတ်ခံရတာကို စာနယ်ဇင်းရှင်းလင်းပွဲတောင်လုပ်လိုက်သေးသတဲ့

ယခုလိုလုပ်ရပ်ကြီးကတော့ရှက်စရာအင်မတန်ကောင်းတဲ့လုပ်ရပ်ပါ
သူတို့ကျောင်းတတ်မမှန်လို့စာမေးပွဲကျလို့ကျောင်းထုတ်ခံရတာကို
ပါမောက္ခချုပ်တွေကိုအပြစ်တင်ဝေဖန်နေကြသတဲ့
ကဲ..........ဒီအကွက်ကြီးကတော့ရိုးရှင်းလွန်းနေပါတယ်
မန္တလေးမြို့ဆေးတက္ကသိုလ်ဝန်းအနီးမှာသွားကြည့်လိုက်ပါ
ဆေးကျောင်းသားတစ်ချို့တွေ့ရပါလိမ့်မယ်
အဲအများစုကတော့ဂိမ်းဆိုင်နဲ့အင်တာနက်ဆိုင် ဘီယာဆိုင်တွေမှာ
ပြည့်နှက်နေတာ မန်းသူမန်းသား တွေမြင်တွေ့နေရမှာပါ
အဲဒီလိုကျောင်းသားတွေစာမေးပွဲကျလို့ကျောင်းတတ်မမှန်လို့ကျောင်းထုတ်ခံရတာကို
စာနယ်ဇင်းရှင်းလင်းပွဲလုပ်တော့ဘာထူးမှာလဲ။။။....အမောင်ဆေးကျောင်းသားတို့ရယ်
သူတို့ရေးထားတာကဒီလို......................

"ကျောင်းတွင်းစီမံခန့်ခွဲမှုလွဲမှားခြင်းကြောင့်
နစ်နာဆုံးရှုံးခဲ့ရသောကိစ္စများအပေါ်
ရှင်းလင်းတင်ပြခြင်း အခန်းအနား။"

အဆိုပါအခန်းအနားကို မန္တလေးဆေးတက္ကသိုလ်မှ
အကြောင်းအမျိုးမျိုးပြ၍ ကျောင်ထုတ်ခံခဲ့ရသူများက
ဘုရားကြီးအလယ်တိုက်-ဒက္ခိဏရာမကျောင်းတိုက်ကြီး
ပေါ်တွင် ယနေ့၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခန်းအနားတွင် မန္တလေးဆေးတက္ကသိုလ်မှ လက်ရှိ
ပါမောက္ခချုပ်က တင်းကြပ်သောစည်းကမ်းများကိုချမှတ်၍
တရားသဖြင့်ဆုံးဖြတ်ခြင်းမဟုတ်ပဲ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ကျောင်းထုတ်ခံရခြင်းဖြစ်သည်ဟု
ယုံကြည်ကြသော ကျောင်းသားများနှင့် ကျောင်းသား
မိဘများမှ ခံစားချက်ပြင်းပြင်းထန်ထန်ဖြင့် မီဒီယာများ
ဧည့်သည်များအားရှင်းလင်တင်ပြ အကူအညီတောင်းခံ
သွားသည်ကိုတွေ့မြင်ရပါသည်။

ကျောင်းသားများမှ-လက်ရှိဆေးတက္ကသိုလ်ဧ။်အခြေအနေ
မှာ ပတ်သက်စပ်ရှက်ပိုင်နိုင်မှုမရှိပါက-မဖြေလျှင်လည်းကျ၊မဖြေချင်၍ ခွင့်ခံမရ၍ကျ၊ဖြေချင်ရင်လည်း ဖြေခွင့်မရ၍ကျ၊ဖြေရလျှင်လည်း စနစ်
များ၍ကျ-ကျ-ကျ၊ကျခြင်းထပ်၍ ကျောင်းမှထုတ်ပယ်ခြင်း
ခံရ သည့်အကြောင်းများကို တင်ပြသွားကြပါသည်။

မိဘများမှလည်း မိမိတို့မိသားစုမျှော်မှန်းချက်များကို
တာဝန်ရှိသူတဦးမှ လွယ်လင့်တကူရိုက်ချိုးအဖျက်အစီး
ခံနေရပုံ-ပါမောက္ခချုပ်ထံမိဘများမှ သွားရောက်တွေ့ဆုံ
အသနားခံတင်ပြသောအခါ မောက်မာစွာအဆက်အဆံ
ခံရပုံများကို အခြားပါမောက္ခချုပ်များဧ။်လုပ်ဆောင်ချက်
များနှင့်နှိုင်းယှဉ်၍ တင်ပြသွားခဲ့ပါသည်။

အဆိုပါ အခန်းအနားသို့. "ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်"
"မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ"
"မန္တလေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ"
တို့မှ သ၀ဏ်လွှာများ၊သဘောထားကြေငြာချက်ပေးပို့
ဖတ်ကြားအားပေးပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟ
အားပေးကြသည်။

ထို့နောက်တက်ရောက်လာသော စာနယ်ဇင်းသမားများ
မှမရှင်းလင်းသည်များကိုမေးမြန်းပြီး အခန်းအနားကို
ရုတ်သိမ်းလိုက်ပါသည်။



No comments:

Post a Comment