ညောင်ဦးရဲ့အလှအပတွေကိုပြောမယ်ဆိုရင်တော့ချန်ထားလို့မရတာက “ကျောက်ကူးဥမင်” နဲ့ “နတ်သမီးကမ်းပါး” ပဲဖြစ်ပါတယ်။ သည်နေရာ ကတော့ ညောင်ဦးမြို့ အပြင်လေးမှာတင် ရှိနေပြီး ပုဂံမြို့သစ်ကနေ သွားမယ်ဆိုရင်တော့ ၄၅ မိနစ်ဝန်းကျင်လောက် ကားနဲ့သွားရပါတယ်။ ထူးခြားတာက ဂူဘုရားအတွင်းမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းတွေပဲဖြစ်ပါတယ်။
ဒီဥမင်လိုဏ်ခေါင်း ၂ ခုက ပုဂံက ရွှေစည်းခုံ နဲ့ အာနန္ဒာ တွေဆီပေါက်တယ်။ ၁၉၇၅ မြေငလျင်ကြောင့်လမ်းပိတ်သွားရတာ။
နတ်သမီးချောက်ကမ်းပါးကတော့ ကျောက်ကူးဥမင်ကနေ ၁၅ မိနစ်သာသာလမ်းလျှောက်သွားရပါတယ်။ မိုးတွင်းဆိုရင် ရေစီးကြမ်းတဲ့သဲချောင်းပေါ့ဗျာ။
နတ်သမီးချောက်ကမ်းပါးအလှအပပုံကိုမြင်တွေ့ရပုံ။
ညောင်ဦးဆိပ်ကမ်းကနေစက်လှေနဲ့ဧရာဝတီမြစ်အတိုင်းလာမယ်ဆိုရင်လည်းရတယ်ဗျာ။ ဒီနေရာမှာ စက်လှေကပ်ပြီးကျောက်ကူးဥမင်ကို လမ်းလျှောက်သွားနိုင်ပါတယ်။
ဧရာဝတီရဲ့နေ ညိုချိန်အလှများ
Bagan Trip Part 1 မှာ ရွှေဆံတော်ပေါ်ကနေ နေဝင်ချိန်အလှကို ရေးခဲ့တာ ရှိပါတယ်။ အဲဒီနေညိုချိန်အလှလေးကို ဧရာဝတီမြစ် အလယ်ကနေ ကြည့်ချင်လို့ ၊ ဧရာဝတီရဲ့ နေဝင်ဆည်းဆာကို မြင်တွေ့ချင်လွန်းလို့ စက်လှေငှါးပြီး ထပ်သွားခဲ့ပါသေးတယ်။ ဧရာဝတီရဲ့ အလှအပတွေ ကိုသေသေချာချာ ခံစားကြည့်ချင်တယ်ဆိုရင် ဧရာဝတီမြစ်ကြီးကိုကျော်ပြီး တန့်ကြည်တောင်တွေ အပေါ်မေးတင်နေတဲ့ ညနေ နေ၀င်ချိန်ကို မေ့ထားလို့ လုံးဝမရဘူးဗျ။ အဲဒီအချိန်ကို ဓါတ်ပုံရိုက်ချင်ရင် စက်လှေငှားပြီးမြစ်လယ်လောက်ကနေထိုင်စောင့်နေသင့်ပါတယ်။
အဲဒီအချိန်မှာမြစ်တစ်ဖက်ကမ်းကရွာတွေရဲ့ယာခင်းမီးရှို့ပြီးတက်လာတဲ့ မီးခိုးမျှင်တန်းလေးတွေကိုလည်း နေ၀င်ချိန်မှာလွမ်းစရာမြင်ကွင်းလေးပါ။ တဖက်ကမ်းရွာထဲကဖွင့်တဲ့ တွံတေးသိန်းတန်သီချင်းကိုလည်းကြားနေရသေးတယ်။ မြစ်ကမ်းနဖူးက ၀ါးကျောင်းဘုန်းကြီးကျောင်းကလည်းဘုရားရိပ်၊ တရားရိပ်နဲ့အေးချမ်းဖွယ်အတိကိုမြင်တွေ့ရနိုင်ပါတယ်။
ကျွန်တော်တို့အဲဒီလိုနေရာတွေကနေ မွန်းကြပ်တဲ့မြို့ပြဘ၀ထဲကို ပြန်လာချင်စိတ်လုံးဝကို မရှိတော့တာဗျာ။
ပုဂံသူ၊ ပုဂံသားတို့ရဲ့သမုဒ္ဒရာဝမ်းတစ်ထွာဘ၀များ
ပုဂံ-ညောင်ဦးပတ်ဝန်းကျင်တွေကိုလျှောက်သွားရင်းဒေသခံတွေရဲ့လုပ်ကိုင်စားသောက်ကြ ပုံတွေကိုလည်းသိလာရတယ်။ စရောက်ရောက်ခြင်း ပစ္စည်းလေးတွေ ၀ယ်ချင်လို့ဈေးမေးလိုက်တော့ ထင်ထားတာထက်များနေတာ ကိုတွေ့ရတယ်။ နောက်ပိုင်းသွားရင်း သိလာတာက ရောင်းဝယ်လုပ်ကိုင် စားသောက်နေကြသူတွေက မိုးအပြီးနွေမရောက်ခင်ပွင့်လင်း ရာသီလေးကိုပဲမှီခိုစားသောက်နေကြရတယ် ဆိုတာပါပဲ။

မြင်းလှည်းငှား စီးတော့လည်းမြင်းလှည်း ဆရာက “မိုးတွင်းဆိုရင်တစ်ခါတစ်လေမြင်းစားဖို့တောင် မရတဲ့နေ့တွေရှိတယ်” လို့ပြောတယ်။ စက်လှေဆရာကလည်း “မိုးတွင်း ၀ါဆိုဝါခေါင်ဆိုရင် နိုင်ငံခြားသားတွေမလာတော့ဘူး ဧပြီလောက်ရောက်တော့လည်း အရမ်းပူလို့မလာပြန်ဘူး အဲလိုအချိန်ဆိုရင် စက်လှေတွေလျှော့ပစ်ရတယ်။ ဆောင်းရာသီအချိန်လေးပဲလုပ်ကိုင်စားသောက်လို့ကောင်း တာ” လို့ပြောပြန်ရောဗျာ။
ဘုရားတွေရှေ့မှာ အညာဒေသထွက် စားစရာတွေဖြစ်တဲ့ပုန်းရည်ကြီး၊ ဇီးတော်ဖီ၊ ထန်းလျှက် စတာတွေရောင်းနေကြသူတွေကိုမြင်နိုင်သလို ဘုရားစောင်းတန်းတွေအတွင်းမှာလည်း မြန်မာမှု အနုပညာပစ္စည်းတွေဖြစ်တဲ့ယွန်းအသုံးအဆောင်၊ ၀ါးနဲ့လုပ်ထားသောလက်ဆောင်ပစ္စည်းများ၊ ပန်းပုအရုပ်လေးများအပြင် ဧရာဝတီမြစ်ကြမ်းပြင်ကရတဲ့သဲတွေနဲ့ဆွဲတဲ့ “သဲပန်းချီ” တွေကိုလည်း ဘုရားတိုင်းလိုလိုမှာ မြင်တွေ့ရနိုင်ပါတယ်။
ဆယ့်နှစ်ရာသီလုံး ခရီးသွားတွေလာနိုင်အောင် လုပ်ပေးထားမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ လို့တွေမိပါတယ်။ ဒီလိုမျိုး ရာသီဥတုတွေကို ကျွန်တော်တို့ မြန်မာတွေဘာကြောင့် မတွန်းလှန်ပဲ ဘာလို့နေနေကြရတာလဲဗျာ။ Singapore ဆိုရင် အမြဲလိုလိုမိုးတွေရွာ နေတယ်။ Finland၊ Norway စတဲ့ ဥရောပတိုင်းပြည်တွေမှာ ဆိုရင် ဆောင်းရာသီရောက်ရင် ၄လလုံးလုံး နေကို လုံးဝမမြင်ရတာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာ အဲလောက်ထိ ရာသီဥတုမဆိုးသေးတာ သေချာတယ်ဗျာ။ လုပ်နိုင်တဲ့ မျိုးချစ် ပညာရှင်တွေနဲ့ လုပ်ပိုင်ခွင့် အာဏာရှိသူတွေက ကိုယ့်တိုင်းပြည် တကယ်တိုးတတ်အောင်လုပ်မယ် ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဘာကြောင့် မတိုးတတ်ရမှာလဲဗျာ။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေခေတ်မမှီ၊ ချို့တဲ့နေသော်လည်း ပုဂံသူ၊ ပုဂံသားတို့ရဲ့ လူနေမှုပုံစံက ရိုးရှင်းအေးချမ်းလှတယ်လို့ခံစားမိတယ်။ မနက်မိုးလင်းရင် ဘုရားဖူးတွေကိုဈေးရောင်းမယ်။ တခြားဝန်ဆောင်မှုတွေပေးပြီးပိုက်ဆံရှာကြတယ်၊ ညနေစောင်းရင် ဧရာဝတီမြစ်ကြီးကို စက်လှေလေးနဲ့ကူးပြီးပြန်သူကပြန်၊ စက်ဘီ ဆိုက်ကယ်လေးတွေနဲ့ပြန်သူကပြန်လို့ ညနေ ရ နာရီလောက်ဆိုရင် မိသားစုစုံတဲ့ ထမင်းဝိုင်းလေးကိုစားနေကြတာကို တွေ့ရတယ်။
( ကိုယ်က အပြင်ပန်းကနေ အေးချမ်းနေတယ်လို့ ထင်သော်လည်း .... လူသဘာဝက ကိုယ့်ဝမ်းနာတာ ကိုယ်ပဲသိ ဆိုသလိုမျိုး အပြင်ဘက်ကနေ တခဏတာ အမြင်လေးနဲ့တော့ 100% တော့ သုံးသပ်လို့တော့ ဘယ်ရမလဲ )
အခုလိုအချိန်မှာတော့ ဒီလောက်ကျန်နေတဲ့မြန်မာမှု အနုပညာလက်ရာမြောက်တဲ့ စေတီ ပုထိုး၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်ဇရပ်တွေဟာ ရှေးကာလ မင်းနေပြည်တော် ပုဂံရွှေပြည်ခေတ် လောက်တုန်းကဆိုရင် ဘယ်လောက်ထိများ တင့်တယ်သာယာနေမလဲဆိုတာကတော့---------
အခုလိုအချိန်မှာတော့ ဒီလောက်ကျန်နေတဲ့မြန်မာမှု အနုပညာလက်ရာမြောက်တဲ့ စေတီ ပုထိုး၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်ဇရပ်တွေဟာ ရှေးကာလ မင်းနေပြည်တော် ပုဂံရွှေပြည်ခေတ် လောက်တုန်းကဆိုရင် ဘယ်လောက်ထိများ တင့်တယ်သာယာနေမလဲဆိုတာကတော့---------
ညောင်ဦးရဲ့အလှအပတွေကိုပြောမယ်ဆိုရင်တော့ချန်ထားလို့မရတာက “ကျောက်ကူးဥမင်” နဲ့ “နတ်သမီးကမ်းပါး” ပဲဖြစ်ပါတယ်။ သည်နေရာ ကတော့ ညောင်ဦးမြို့ အပြင်လေးမှာတင် ရှိနေပြီး ပုဂံမြို့သစ်ကနေ သွားမယ်ဆိုရင်တော့ ၄၅ မိနစ်ဝန်းကျင်လောက် ကားနဲ့သွားရပါတယ်။ ထူးခြားတာက ဂူဘုရားအတွင်းမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းတွေပဲဖြစ်ပါတယ်။
ဒီဥမင်လိုဏ်ခေါင်း ၂ ခုက ပုဂံက ရွှေစည်းခုံ နဲ့ အာနန္ဒာ တွေဆီပေါက်တယ်။ ၁၉၇၅ မြေငလျင်ကြောင့်လမ်းပိတ်သွားရတာ။
နတ်သမီးချောက်ကမ်းပါးကတော့ ကျောက်ကူးဥမင်ကနေ ၁၅ မိနစ်သာသာလမ်းလျှောက်သွားရပါတယ်။ မိုးတွင်းဆိုရင် ရေစီးကြမ်းတဲ့သဲချောင်းပေါ့ဗျာ။
နတ်သမီးချောက်ကမ်းပါးအလှအပပုံကိုမြင်တွေ့ရပုံ။
ညောင်ဦးဆိပ်ကမ်းကနေစက်လှေနဲ့ဧရာဝတီမြစ်အတိုင်းလာမယ်ဆိုရင်လည်းရတယ်ဗျာ။ ဒီနေရာမှာ စက်လှေကပ်ပြီးကျောက်ကူးဥမင်ကို လမ်းလျှောက်သွားနိုင်ပါတယ်။
ဧရာဝတီရဲ့နေ ညိုချိန်အလှများ
Bagan Trip Part 1 မှာ ရွှေဆံတော်ပေါ်ကနေ နေဝင်ချိန်အလှကို ရေးခဲ့တာ ရှိပါတယ်။ အဲဒီနေညိုချိန်အလှလေးကို ဧရာဝတီမြစ် အလယ်ကနေ ကြည့်ချင်လို့ ၊ ဧရာဝတီရဲ့ နေဝင်ဆည်းဆာကို မြင်တွေ့ချင်လွန်းလို့ စက်လှေငှါးပြီး ထပ်သွားခဲ့ပါသေးတယ်။ ဧရာဝတီရဲ့ အလှအပတွေ ကိုသေသေချာချာ ခံစားကြည့်ချင်တယ်ဆိုရင် ဧရာဝတီမြစ်ကြီးကိုကျော်ပြီး တန့်ကြည်တောင်တွေ အပေါ်မေးတင်နေတဲ့ ညနေ နေ၀င်ချိန်ကို မေ့ထားလို့ လုံးဝမရဘူးဗျ။ အဲဒီအချိန်ကို ဓါတ်ပုံရိုက်ချင်ရင် စက်လှေငှားပြီးမြစ်လယ်လောက်ကနေထိုင်စောင့်နေသင့်ပါတယ်။
အဲဒီအချိန်မှာမြစ်တစ်ဖက်ကမ်းကရွာတွေရဲ့ယာခင်းမီးရှို့ပြီးတက်လာတဲ့ မီးခိုးမျှင်တန်းလေးတွေကိုလည်း နေ၀င်ချိန်မှာလွမ်းစရာမြင်ကွင်းလေးပါ။ တဖက်ကမ်းရွာထဲကဖွင့်တဲ့ တွံတေးသိန်းတန်သီချင်းကိုလည်းကြားနေရသေးတယ်။ မြစ်ကမ်းနဖူးက ၀ါးကျောင်းဘုန်းကြီးကျောင်းကလည်းဘုရားရိပ်၊ တရားရိပ်နဲ့အေးချမ်းဖွယ်အတိကိုမြင်တွေ့ရနိုင်ပါတယ်။
ကျွန်တော်တို့အဲဒီလိုနေရာတွေကနေ မွန်းကြပ်တဲ့မြို့ပြဘ၀ထဲကို ပြန်လာချင်စိတ်လုံးဝကို မရှိတော့တာဗျာ။
ပုဂံသူ၊ ပုဂံသားတို့ရဲ့သမုဒ္ဒရာဝမ်းတစ်ထွာဘ၀များ
ပုဂံ-ညောင်ဦးပတ်ဝန်းကျင်တွေကိုလျှောက်သွားရင်းဒေသခံတွေရဲ့လုပ်ကိုင်စားသောက်ကြ ပုံတွေကိုလည်းသိလာရတယ်။ စရောက်ရောက်ခြင်း ပစ္စည်းလေးတွေ ၀ယ်ချင်လို့ဈေးမေးလိုက်တော့ ထင်ထားတာထက်များနေတာ ကိုတွေ့ရတယ်။ နောက်ပိုင်းသွားရင်း သိလာတာက ရောင်းဝယ်လုပ်ကိုင် စားသောက်နေကြသူတွေက မိုးအပြီးနွေမရောက်ခင်ပွင့်လင်း ရာသီလေးကိုပဲမှီခိုစားသောက်နေကြရတယ် ဆိုတာပါပဲ။
ပုဂံ-ညောင်ဦးပတ်ဝန်းကျင်တွေကိုလျှောက်သွားရင်းဒေသခံတွေရဲ့လုပ်ကိုင်စားသောက်ကြ ပုံတွေကိုလည်းသိလာရတယ်။ စရောက်ရောက်ခြင်း ပစ္စည်းလေးတွေ ၀ယ်ချင်လို့ဈေးမေးလိုက်တော့ ထင်ထားတာထက်များနေတာ ကိုတွေ့ရတယ်။ နောက်ပိုင်းသွားရင်း သိလာတာက ရောင်းဝယ်လုပ်ကိုင် စားသောက်နေကြသူတွေက မိုးအပြီးနွေမရောက်ခင်ပွင့်လင်း ရာသီလေးကိုပဲမှီခိုစားသောက်နေကြရတယ် ဆိုတာပါပဲ။
မြင်းလှည်းငှား စီးတော့လည်းမြင်းလှည်း ဆရာက “မိုးတွင်းဆိုရင်တစ်ခါတစ်လေမြင်းစားဖို့တောင် မရတဲ့နေ့တွေရှိတယ်” လို့ပြောတယ်။ စက်လှေဆရာကလည်း “မိုးတွင်း ၀ါဆိုဝါခေါင်ဆိုရင် နိုင်ငံခြားသားတွေမလာတော့ဘူး ဧပြီလောက်ရောက်တော့လည်း အရမ်းပူလို့မလာပြန်ဘူး အဲလိုအချိန်ဆိုရင် စက်လှေတွေလျှော့ပစ်ရတယ်။ ဆောင်းရာသီအချိန်လေးပဲလုပ်ကိုင်စားသောက်လို့ကောင်း တာ” လို့ပြောပြန်ရောဗျာ။
ဘုရားတွေရှေ့မှာ အညာဒေသထွက် စားစရာတွေဖြစ်တဲ့ပုန်းရည်ကြီး၊ ဇီးတော်ဖီ၊ ထန်းလျှက် စတာတွေရောင်းနေကြသူတွေကိုမြင်နိုင်သလို ဘုရားစောင်းတန်းတွေအတွင်းမှာလည်း မြန်မာမှု အနုပညာပစ္စည်းတွေဖြစ်တဲ့ယွန်းအသုံးအဆောင်၊ ၀ါးနဲ့လုပ်ထားသောလက်ဆောင်ပစ္စည်းများ၊ ပန်းပုအရုပ်လေးများအပြင် ဧရာဝတီမြစ်ကြမ်းပြင်ကရတဲ့သဲတွေနဲ့ဆွဲတဲ့ “သဲပန်းချီ” တွေကိုလည်း ဘုရားတိုင်းလိုလိုမှာ မြင်တွေ့ရနိုင်ပါတယ်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေခေတ်မမှီ၊ ချို့တဲ့နေသော်လည်း ပုဂံသူ၊ ပုဂံသားတို့ရဲ့ လူနေမှုပုံစံက ရိုးရှင်းအေးချမ်းလှတယ်လို့ခံစားမိတယ်။ မနက်မိုးလင်းရင် ဘုရားဖူးတွေကိုဈေးရောင်းမယ်။ တခြားဝန်ဆောင်မှုတွေပေးပြီးပိုက်ဆံရှာကြတယ်၊ ညနေစောင်းရင် ဧရာဝတီမြစ်ကြီးကို စက်လှေလေးနဲ့ကူးပြီးပြန်သူကပြန်၊ စက်ဘီ ဆိုက်ကယ်လေးတွေနဲ့ပြန်သူကပြန်လို့ ညနေ ရ နာရီလောက်ဆိုရင် မိသားစုစုံတဲ့ ထမင်းဝိုင်းလေးကိုစားနေကြတာကို တွေ့ရတယ်။
( ကိုယ်က အပြင်ပန်းကနေ အေးချမ်းနေတယ်လို့ ထင်သော်လည်း .... လူသဘာဝက ကိုယ့်ဝမ်းနာတာ ကိုယ်ပဲသိ ဆိုသလိုမျိုး အပြင်ဘက်ကနေ တခဏတာ အမြင်လေးနဲ့တော့ 100% တော့ သုံးသပ်လို့တော့ ဘယ်ရမလဲ )
အခုလိုအချိန်မှာတော့ ဒီလောက်ကျန်နေတဲ့မြန်မာမှု အနုပညာလက်ရာမြောက်တဲ့ စေတီ ပုထိုး၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်ဇရပ်တွေဟာ ရှေးကာလ မင်းနေပြည်တော် ပုဂံရွှေပြည်ခေတ် လောက်တုန်းကဆိုရင် ဘယ်လောက်ထိများ တင့်တယ်သာယာနေမလဲဆိုတာကတော့---------
အခုလိုအချိန်မှာတော့ ဒီလောက်ကျန်နေတဲ့မြန်မာမှု အနုပညာလက်ရာမြောက်တဲ့ စေတီ ပုထိုး၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်ဇရပ်တွေဟာ ရှေးကာလ မင်းနေပြည်တော် ပုဂံရွှေပြည်ခေတ် လောက်တုန်းကဆိုရင် ဘယ်လောက်ထိများ တင့်တယ်သာယာနေမလဲဆိုတာကတော့---------
No comments:
Post a Comment